တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်း ဒုတိယအကြိမ် ထပ်မံထောက်ပံ့

တနိုင်း စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ဒုတိယအကြိမ် ထပ်မံထောက်ပံ့ခြင်းကို စက်တင်ဘာ (၁၇) ရက် မွန်းလွဲ (၅)နာရီတွင် တနိုင်းမြို့ရှိ ဘုရားကျောင်းများတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ငွေများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ဌာန ဆိုင်ရာများနှင့်အတူ တနိုင်းမြို့အတွင်းရှိ ကင်ဆားရာရပ်ကွက်၊ KBCဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၉၈)စုအတွက် ထောက်ပံ့ငွေကျပ် ၃၉၂၀၀၀ဝ နှင့် RC ဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၅၆)စုအတွက် ထောက်ပံ့ငွေကျပ် ၆၂၄၀၀၀ဝ၊ ဆွတ်ငိုင်ရပ်ကွက်၊ COC ဘုရားကျောင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၃၅)စုအတွက် ထောက်ပံ့ငွေကျပ် ၁၄၀၀၀၀ဝ၊ မုန်ဒိန်ရပ်ကွက်နှင့် AG ဘုရား ကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄၅)စုအတွက် ထောက်ပံ့ငွေကျပ် ၁၈၀၀၀၀ဝ ဖြင့် စုစုပေါင်း အိမ်ထောင်စု (၃၃၄)စုအတွက် ထောက်ပံ့ငွေကျပ် ၁၃၃၆၀၀၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုအစီအစဉ်ကို သြဂုတ်လ(၂၉)ရက်နေ့ကလည်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ စားသောက်ကုန်(၅)မျိုး ဝယ်ယူရန်အတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

Visitors: 37,778