ကချင်ပြည်နယ်၏ဝင်ပေါက်ဖြစ်သည့် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုကိုလုံခြုံရေးနှင့်နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်ကြည့်ရှုစစ်ဆေး

မိုးညှင်း - စက်တင်ဘာ ၁၇

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကိုဆက်သွယ်ထားသည့်နေရာတွင်ဖွင့်လှစ်ထားပြီး ကချင်ပြည် နယ်အတွင်းဝင်ရောက်ရာအဓိကကျသည့် မိုးညှင်းမြို့ရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုပြည်နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးကျော်လင်းအောင်က စက်တင်ဘာ ၁၇ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးဗိုလ်မှူးကြီးကျော်လင်းအောင်နှင့်အဖွဲ့သည် မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ခရိုင်/မြို့နယ်အဆင့်ဖွဲ့စည်းထားသည့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာမိုးညှင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေက ခရိုင်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ဒေါက်တာဖြူလေးဝေ က မြို့နယ်အတွင်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုကိုလည်းကောင်းရှင်းလင်းတင်ပြရာ ဗိုလ်မှူးကြီးကျော်လင်း အောင်ကတင်ပြချက်များအပေါ်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဝန်ကြီးဗိုလ်မှူးကြီးကျော်လင်းအောင်နှင့်အဖွဲ့သည်နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့သွားရောက် ပြီး တာဝန်ကျဝန်ထမ်းများ၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ယာဉ်အဝင်အထွက်နှင့်ဖြတ်သန်းသွားလာခွင့်အချိန်ကို ယနေ့မှစ၍ နံနက်၇နာရီခွဲမှ ညနေ၆နာရီအချိန်အထိသာဖြတ်သန်းသွားလာခွင့်ပြုရန်မှာကြားခဲ့ကြောင်းသိရသည်။

Visitors: 37,779