အများပြည်သူသို့ အသိပေးတင်ပြချက်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်တွင်းကူးစက်မှု ပြန်လည်စတင်ဖြစ်ပွားချိန်ကစပြီး

ကချင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် နယ်စပ်ဝင်/ထွက်ဂိတ်များ၊ ပြည်နယ်ဝင်/ထွက်ဂိတ်များအပါအဝင် ရောဂါဖြစ်ပွားသည့် ဒေသမှ ဝင်ရောက်လာမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေး အောက်ပါညွှန်ကြားချက်ဖြင့် ကြပ်မတ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ယခု ကချင်ပြည်နယ်အတွင်း အတည်ပြုပိုးတွေ့လူနာတွေ့ရှိလာမှု အပေါ်မှာလည်း ခရိုင်နှင့် မြို့နယ်များအလိုက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့ အစိုးရအဖွဲ့နှင့် ပူးပေါင်းပါဝင်ကြရေး အသိပေးတင်ပြအပ်ပါသည်။

================================================
ကချင်ပြည်နယ်အစိုးရအဖွဲ့
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၉ ရက်

Visitors: 37,795