ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား စက်တင်ဘာ ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးသည် မြစ်ကြီးနားမြို့ နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်လုပ်ငန်းနှင့် ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့်တောင်သူများသို့ မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင်များအား စီမံကိန်းရန်ပုံငွေဖြင့်အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်း စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် တောင်သူ (၂)ဦး၏ မျိုးစေ့ထုတ် စံပြ စိုက်ဧက (၁၀)ဧကအတွင်း ပြည်နယ်ဝန်ကြီးက မျိုးစေ့ထုတ်အပင်များရှင်သန်ဖွံ့ဖြိုးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ‌ဒေသခံ တောင်သူများအား စိုက်ပျိုးစရိတ်အထောက်အပံ့ရရှိမှုအခြေအနေနှင့် မျိုးစေ့အထွက်နှုန်းကောင်းမွန်ရေး၊ နည်းစနစ်ကျစိုက်ပျိုးနိုင်ရေး အကြံပြုမှာကြားခဲ့သည်။

အဆိုပါ မျိုး‌စေ့ထုတ်လုပ်ငန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ ပျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ် (၁၄၅၈၀၀) ထောက်ပံ့မှုဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း (၄၆) ဧက၊ တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်တို့တွင် (၁၀)ဧကစီနှင့် အင်ဂျန်းယန်မြို့ နယ်တွင် (၃)ဧက စုစုပေါင်း (၇၉)ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြို‌ရေးခြံ(နောင်နန်း)၌ ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့် တောင်သူများအတွက် မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင်များအား စီမံကိန်း ရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံရော်ဘာ စိုက်တောင်သူ ၁၅ ဦးတို့အား မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀) ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ‌ရော်ဘာအခြေခံ ဘက်စုံသီးနှံစိုက်ခင်းကွင်းအတွင်း သရုပ်ပြ စိုက်ပျိုးထားရှိမှုနှင့် ခြံအတွင်း နှစ်ရှည်ပင်များသုတေသနပြုလုပ်မည့် အခြေခံအဆောက်အအုံများ‌အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့၊ ကုန်သွယ်ရေးဂိုဒေါင်၌ နိုင်ငံတော်အရေးပေါ် ရိက္ခာစားအုန်းဆီများ သိမ်းဆည်နိုင်ရေး ထုတ်ယူရောက်ရှိထားသည့် စားအုန်းဆီများရောက်ရှိ သိုလှောင် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင်များသို့ ဖြန့်ဖြူး ဆောင်ရွက်ထားရှိမှု အခြေအနေကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Visitors: 37,795