ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုး ခန့်အပ်တာဝန်ပေးနိုင်ရေး ပြည်နယ်လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်

မြစ်ကြီးနား သြဂုတ် ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုး ခန့်အပ်တာဝန်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှအမည်စာရင်းတင်သွင်းမှုကို ယနေ့ နံနက် (၁၀) နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ် တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ကြည်း ၂၃၇၄၂ ဗိုလ်မှူးကြီး နေလင်းထွန်း အစား ကြည်း ၂၉၁၉၇ ဗိုလ်မှူးကြီး ကျော်လင်းအောင်အား ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင် ရေးအတွက် အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် သဘောတူကြောင်း ဆုံးဖြတ် သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၅)ဦး တို့က ကြယ်ပွင့်ပြမေးခွန်း (၆)ခုမေးမြန်းဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေး ပထမနေ့ တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ကချင်ပြည်နယ်စည်ပင်သာယာရေး ဉပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဉပ‌ဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ရှင်းလင်း ဆွေးနွေးခဲ့ကာ အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
Visitors: 36,422