တနိုင်းမြို့နယ်ရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့်အလှူငွေများ ထောက်ပံ့လှူဒါန်း

တနိုင်း သြဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးအားတီယောဟန်က မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့် အလှူငွေများကို ဩဂုတ်(၂၁)ရက်နေ့ မွန်းလွဲ(၃) နာရီက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။

ထောက်ပံ့လှူဒါန်းပေးအပ်မှုကို တနိုင်းမြို့နယ်၊ မုန်ဒိန်ရပ်ကွက် AGဘုရားကျောင်းအတွက် ဆန်အိတ် (၃၅) အိတ်နှင့် ငွေကျပ်(၂)သိန်း၊ ဆွတ်ငိုရပ်ကွက် COC ဘုရာကျောင်းအတွက် ဆန်အိတ် (၄၀)အိတ်နှင့် ငွေကျပ်(၂)သိန်း စုစုပေါင်း ဆန်အိတ်(၇၅)အိတ် နှင့် ငွေကျပ်(၄)သိန်း ထောက်ပံ့လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးက အသင်းတော်အသီးသီးမှ ဘာသာရေးဆရာများ၊ ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။

ထို့နောက် ပြည်သူများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ တင်ပြချက်များအား လျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ် ဝန်ကြီးဦးအားတီယောဟန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များကကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Visitors: 36,422