မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး -ကန်ပိုက်တီ ကားလမ်း မြေပြိုမှုဖြစ်စဉ်ကြောင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဆဒုံး သြဂုတ် ၁၉

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ သြဂုတ် (၁၈) ရက်နေ့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ည (၉) နာရီခန့် က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းသွား မိုင်တိုင်အမှတ် (၃၃/၃၄) ကြား ဆဒုံး လန်နရေတံခွန်အနီး အလျား (၁၀၀) ပေ ၊ အနံ (၃၀) ပေ၊ အမြင့် (၁၅) ပေခန့် နှင့် ဆဒုံး-ကန်ပိုက်တီကြား လုဂျီကျေးရွာအနီး တို့တွင် တောင်ကမ်းပါးပြိုကျခဲ့ ကြောင်းသိရသည်။

အဆိုပါ တောင်ကမ်းပါးပြိုကျရာနေရာ မိုင်တိုင်အမှတ်(၃၃/၃၄) ကြားရှိ ကမ်းပါပြိုကျသည့်နေရာအား ဆဒုံးမြို့ ဌာနဆိုင်ရာနှင့် ပြည်သူများက ဘူဒိုဇာဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် မြေစာနှင့် ကျောက်တုံး၊ ကျောက်ခဲများရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဆဒုံး- ကန်ပိုက်တီ ကြားရှိ လုဂျီကျေးရွာအနီးရှိ ကမ်းပါးပြိုကျသည့်နေရာနှင့် အထက်ဘာတွန် ကျေးရွာအနီး တွင်ပြိုကျသည့် နေရာများအား ဆက်လက်ရှင်းလင်းနေကြောင်းသိရသည်။

Visitors: 36,422