ရှင်ဗွေယန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့အထွက် (၉) မိုင်တောင်ကြားလမ်းတွင် တောင်ကမ်းပါးပြိုကျမှုနှင့် ချောင်းတံတားအောက်ရှိ သစ်တုံးများ ရှင်းလင်းဖယ်ရှား

ရှင်ဗွေယန် သြဂုတ်- ၁၉

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မြို့အတွက့် (၉)မိုင်ခန့် အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာလမ်းတွင် တောင်မြေ ကမ်းပါးကျမှုဖြစ်စဉ်နှင့် ရှင်ဗွေယန်တံတားအောက်ရှိ ရေစီးကြောင်းဖြင့် မျှောပါလာသော သစ်တုံးများကို သြဂုတ်လ (၁၈)ရက်တွင် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း (228kmနှင့်229km)ကြားတွင် အလျား (၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၀)ပေခန့် တောင်ကမ်းပါးပြိုကျခဲ့ရာ၌ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်တက်လမ်းကြောင်း ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ရှင်ဗွေယန်မြို့ လမ်းဦးစီးဌာနမှ Loader (၁)စီးဖြင့် တောင်ကမ်းပါးပြိုကျရာ မြေသားများကို ဖယ်ရှားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ရှင်ဗွေယန်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁)နှင့် ရပ်ကွက် (၂)ကို ဆက်သွယ်ထားသော ရှင်ဗွေယန် ချောင်းတံတားအောက်တွင် ရေစီးကြောင်းဖြင့် မျောပါလာသော သစ်ပင်များ၊ သစ်တုံးများ ကန့်လန့်ဖြတ်တင် ကျန်နေမှုအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်း မင်းဇော် ဦးဆောင်၍ သွားရောက်ဖယ်ရှားလင်းခဲ့ရကြောင်း သိရှိရသည်။

Visitors: 36,422