ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၅

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ (၁၀)မိုင်ကျေးရွာနှင့် (၈)မိုင် ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ကြားမှု အဆင်ပြေစေရေးအတွက် လိုအပ်ချက် များကို ယနေ့ နံနက်ပိုင်းတွင် ရပ်မိ/ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်နန်းကျေးရွာအုပ်စု၊ (၁၀)မိုင်ရွာ ဂျော်မဆပ် ဘုရားကျောင်း၌ နှစ်ခြင်းအသင်းတော်တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အသင်းတော်တာဝန်ရှိသူများက ဘုရားကျောင်းဝင်းအတွင်းလမ်းနှင့် တောင်ဘက်ရှိ ရွာတွင်း လမ်းနှင့်တံတားများဆောင်ရွက်ပေးနိုင်ရေး၊ အသင်းတော်သင်ကြားရေးအဆောင်ပြီးစီးနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ရေး စသည်တို့ကို တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရ အဖွဲ့နေဖြင့် ပြည်သူများကို အလုပ်အကျွေးပြုရမည်ဟု ခံယူထားပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်များကို ဘတ်ဂျတ်ခွဲဝေလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တင်ပြတောင်းဆိုမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် နောင်နန်း (၈)မိုင်ကျေးရွာရှိ ဗေဿာနိဘုရားကျောင်းဝင်းအတွင်း၌ အသင်းသူ၊ အသင်းသားများ၊ ရပ်မိ၊ရပ်ဖများ၊ ကျောင်းကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အသင်းတော်ပိုင် မူကြို (၃)ထပ်ဆောင်ဆောက်လုပ်နိုင်ရေး ကူညီပံ့ပိုးပေးရန်ကိစ္စ၊ နောင်နန်း(၃) အခြေခံပညာအလယ် တန်းကျောင်းနှင့် ဘုရားကျောင်းဝင်းကြားရှိ ကျေးရွာလမ်းခင်းကျင်းပေးနိုင်ရေး၊ ပညာသင်ကြားရေး အတွက် ကျောင်းဆောင်သစ်လိုအပ်ချက်နှင့် ကျောင်းဝင်းခြံစည်းရိုးကာရံပေးရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကို တင်ပြဆွေးနွေးကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းခင်းပေးနိုင်ရေးနှင့် ပညာ သင်ကြားရေးအတွက်သင်ထောက်ကူပစ္စည်းလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး တာဝန် ရှိသူများအားမှာကြားကာ ခင်းကျင်းဆောင်ရွက်ပေးရမည့် လမ်းအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

Visitors: 36,422