ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်တရားရုံးနှင့် မြို့တော်ခန်းမဆောက်လုပ်နိုင်ရေး လျာထားမြေနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၁၄

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ဝိုင်းမော်မြို့နယ်အတွင်း မြို့နယ်တရား ရေးဌာန မြေနေရာရရှိရေးနှင့် ဝိုင်းမော်မြို့ မြို့အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမဆောက်လုပ်နိုင်ရေး အတွက် လျာထားမြေနေရာများကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် မြို့နယ်တရားရုံးကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆမားခန်းမ၌ တရားရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြော ကြားသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက မြို့နယ်အတွင်း မြို့နယ်တရားရုံးဆောက် လုပ်နိုင်ရေးနှင့် မြို့တော်ခန်းမဆောက်လုပ်ရန် လျာထားမြေနေရာတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု ကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်ဝန်ကြီးများက လျာထား မြေနေရာများနှင့် ပတ်သက်၍ မြေပြင်အခြေအနေများအပေါ် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်တရားရုံးဆောက်လုပ်နိုင်ရေးအတွက် လျာထားသည့် ဝိုင်းမော်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ကုန်သွယ်လယ်ယာဂိုဒေါင်ဟောင်းမြေနေရာနှင့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဘူတာရုံဟောင်းမြေနေရာတို့အား မြေပြင်အခြေအနေကို ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လျာထားမြေနေရာများနှင့် ပတ်သက်၍ စနစ်တကျတိုင်းတာ စစ်ဆေးပြီး စိစစ်တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

Visitors: 36,422