တနိုင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၃၃)စုအား ထောက်ပံ့ကြေးပေးအပ်

တနိုင်း သြဂုတ် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ တနိုင်းချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ဘေးလွတ် ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ကြေးများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်(၁၁)ရက်န့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဇူလိုင်လအတွင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းခြင်း ကြောင့် တနိုင်းချောင်းရေးမြင့်တက်လာ၍ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ဘေးလွတ် ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော ဆွတ်ငိုင်ရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၃၁) ဦးတို့ အတွက် ဆန်ရိက္ခာ(၇)ရက်စာ လူတစ်ဦးလျှင်(၂၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၂၇၅၁၀ဝိ/-) ကျပ် အား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးများ အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်မှ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများကိုယ်စား ဆွတ်ငိုင်ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးဟန်ဂေါင်းမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

Visitors: 36,422