လီဆူတိုင်းရင်းသားလူမျိုး‌ေရးရာဝန်ကြီး မချမ်းဘောမြို့နယ်ပြန်/ဆက်ရုံး အဆောက်အအုံသစ်ဖွင့်လှစ်ပေး

ပူတာအို ဩဂုတ် ၁၁

ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ် ပြီးစီးခဲ့သည့် မချမ်းဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၁)ရက် နံနက်(၈)နာရီက အဆိုပါရုံးအဆောက်အအုံသစ်ရှေ့၌ကျင်းပသည်။

ရှေးဦးစွာ သိက္ခာတော်ရဆရာတော် တန်နွဲဒီးရမ်က ရုံးဆောက်အအုံသစ်အတွက်ကျေးဇူးတော်ချီးမွမ်း ခြင်းနှင့်အဆောက်အအုံသစ်အားဆက်ကပ်ဆုတောင်းပေးခဲ့ပြီး ရုံးအဆောက်အအုံသစ်အား ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် လီဆူတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးအားတီယောဟန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည် သိမ်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆက်လက်၍ လုပ်ခွန်ဆောက်လုပ်ရေးကုမ္ဗဏီပိုင်ရှင် ဦးခွန်ဆိုင်ခမ်းက ရုံးအဆောက်အအုံသစ် ၁၀၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးသည့်လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများအားလွှဲပြောင်းပေးအပ်ခြင်းနှင့် မချမ်း ဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအတွက် ရုပ်မြင်သံကြားပြစက်နှင့် Skynet တစ်စုံ ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဦးနန်ဇေ့ဖုန်ဆန်းကလက်ခံရယူပြီး ၀န်ကြီးနှင့်ဧည့်သည်တော် များက ရုံးအဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါရုံးသစ်အား ၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်းပေါင်း(၇၂)သန်း ဖြင့် ရုံးသစ် အလျား(၄၄)ပေ၊အနံ (၂၄)ပေ၊အမြင့်(၁၁)ပေနှင့်ရုပ်သံပြသခန်း အလျား(၃၂)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၁)ပေ အုတ်ညှပ်တစ်ထပ်အဆောက်အအုံနှစ်ဆောင်တို့ကို တင်ဒါအောင်မြင်ခဲ့သည့် လုပ်ခွန်ဆောက်လုပ်ရေး ကုမ္ဗဏီက ဇန်နဝါရီ(၁၁)ရက်မှစတင်ကာဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ယခုအခါဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

Visitors: 36,422