ကချင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့ကြားနာပွဲကျင်းပ

မြစ်ကြီးနား သြဂုတ် ၁၁

ကချင်ပြည်နယ်လွှတ်တော်၏ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ များပြင်ဆင်နိုင်ရေး အထောက်အကူဖြစ်စေရန် ပြည်သူ့လူထု၏ သဘောထားနှင့်အကြံဉာဏ်များ ရယူ နိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၏ ရေးရာကော်မတီ (၂)ရပ်နှင့် NDI တို့ပူးပေါင်းစီစဉ်ကျင်းပသည့် ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့ကြားနာပွဲတစ်ရပ်ကို သြဂုတ် ၁၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ် လွှတ်တော်ရုံး Banquet Hall ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်သူ့ကြားနာပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည် နယ်လွှတ်တော်ကော်မတီ (၂)ရပ်ဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီနှင့် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဈေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာကော်မတီတို့မှ ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့ကြားနာပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြည်သူ့ကြားနာပွဲဆိုသည်မှာ မူဝါဒများစိစစ်ခြင်းနှင့် ရေးဆွဲချမှတ်ခြင်းအတွက် လည်းကောင်း၊ ကြီးကြပ်ထိန်းညှိခြင်းနှင့် စစ်ဆေးခြင်း တို့ ဆောင်ရွက်ရန်အတွက်လည်းကောင်း လွှတ်တော်ရေးရာအဖွဲ့အစည်းများက အသုံးပြုသည့် သတင်း အချက်ရယူရေး ယန္တရားဖြစ်ကြောင်း၊ ဥပဒေတိုင်းသည် ပြီးပြည့်စုံသည့် ဥပဒေဆိုတာမရှိပါကြောင်း၊ အားနည်းချက်၊ လိုအပ်ချက်များစွာရှိနေမည်ဖြစ်ပြီး ယခုအချိန်သည် ဒီမိုကရေစီခေတ်ကာလကို သွား နေသည့်အတွက် ပြည်သူကို အကျိုးပြုသည့် ဥပဒေများပေါ်ထွက်လာရန် များစွာအရေးကြီးပါကြောင်း၊ လွှတ်တော်မှ အတည်ပြုလိုက်သည့် ဥပဒေများသည် ပြည်သူကို အကျိုးမပြုပါက ပြင်ဆင်မှုများကို လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ ယနေ့ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူ့ကြားနာပွဲမှ တစ်ဆင့် ပြည်သူလူထု၏ သဘောထားများ၊ အကြံဉာဏ်များရရှိနိုင် မည်ဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးပြုသည့် ပိုမိုကောင်းမွန်သည့် ဥပဒေများပေါ်ထွက်လာမှာ ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကြားနာပွဲကျင်းပရေးအဖွဲ့ခေါင်းဆောင်ဦးမြသန်းက ကချင်ပြည်နယ်စည်ပင် သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူ့ကြားနာပွဲပြုလုပ်ရသည့် ရည်ရွယ်ချက် များနှင့် အကြံပြုဆွေးနွေးတင်ပြမှုများနှင့် မေးခွန်းမေးမြန်းဆွေးနွေးသွားမည့် အခြေအနေများကို ရှင်း လင်းပြောကြားပြီး မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဖားကန့်၊ မိုးကောင်း၊ ဝိုင်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီ၊ တနိုင်းမြို့နယ်တို့မှ ဈေးကော်မတီနှင့် စည်ပင်ကော်မတီဥက္ကဋ္ဌများ ဈေးများအတွင်း သားသတ်လုပ်ငန်း များနှင့် သား၊ ငါးရောင်းချမှု၊ သန့်ရှင်းသပ်ရပ်စွာစီမံဆောင်ရွက်မှု၊ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြမှုများကို ကြားနာခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ကြားနာပွဲအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်စည်ပင် သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးလျက်ရှိသည့် တင်ဒါစနစ်၊လေလံ စနစ်နှင့် ဈေးပြိုင်စနစ်တို့အပေါ် အားသာချက်၊ အားနည်းချက်များ၊ သားငါးရောင်းချမှုနှင့်ပတ်သက် စာသုံးသူပြည်သူတို့၏ တိုင်ကြားစာပေးပို့မှု၊ လက်ခံရရှိမှုနှင့် အရေးယူဆောင်ရွက်နေမှုအပိုင်းများကို သက်ဆိုင်ရာမြို့နယ်များအလိုက် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေသည် ပြည်နယ်လွှတ်တော်မှ ၂၀၁၃ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်၏ ဝင်ငွေ ပိုမိုထိရောက်မှန်ကန်စွာရရှိရေး၊ စားသုံးသူများဘေးကင်လုံခြုံရေးနှင့် ဈေးနှုန်းသက်သာရေး၊ မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ပြင် ဆင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်သူ့ကြား နာပွဲကို သြဂုတ် ၁၂ ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 36,422