ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ဗန်းမော် ဩဂုတ် ၁၀

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၁ဝ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဗန်းမော်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကလည်း ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၇)စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၉၀၉၄)စု၊ လူဦးရေစုစုပေါင်း (၄၁၁ဝ၅)ဦးတို့အတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေ(၁၈၁၈၈၀၀၀၀ိ/-)ကျပ်တို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြကာ ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာနေ ဦးကျော်ကျော်ထွန်းက ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစိန်လင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

## ကိန်းဖြူ

Visitors: 36,422