ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက တနိုင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၃၅၂)စုတို့အား ဒုတိယအကြိမ်အဖြစ် ငွေကျပ် (၁၄၇၀,၄၀၀၀၀) ထောက်ပံ့ပေးအပ်

တနိုင်း သြဂုတ် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်အခဲမရှိစေရေး အတွက် အခြေခံစားသောက်ကုန်ပစ္စည်(၅)မျိုး ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီးဖြစ်ရာ အကြောင်းမျိုးမျိုး ကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင် လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၇၀,၄၀၀၀၀)ကို အိမ်ထောင်စု(၇၃၅၂)စုတို့အား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ပြန်လည်ထောက်ပံ့ပေးမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများက တနိုင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရရှိသည့် အိမ်ထောင်စု(၃၁၅၂)စုတို့အတွက် တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၆၃၀,၄၀၀၀၀) နှင့် ကျေးရွာအုပ်စု (၆) အုပ်စုတို့မှ အိမ်ထောင်စု (၂၁၉၆)စုအတွက် ထောက်ပံ့ငွေကျပ် (၄၃၉,၂၀၀၀၀)၊ ရှင်ဗွေယန်မြို့ရှိ ရပ်ကွက်(၄)ရပ်ကွက် အိမ်ထောင်စု (၆၂၁)စုတို့အတွက် ထောက်ပံ့ငွေကျပ်(၁၂၄,၂၀၀၀၀) နှင့် ကျေးရွာအုပ်စု(၂)အုပ်စုမှ အိမ်ထောင်စု (၁၃၈၃)စုတို့အတွက် ထောက်ပံ့ငွေကျပ်(၂၇၆၆၀၀၀၀)ဖြင့် တနိုင်းမြို့နယ်အတွင်း စုစုပေါင်း အိမ်ထောင်စု (၇၃၅၂)စုတို့အတွက် ထောက်ပံ့ငွေကျပ်(၁၄၇၀,၄၀၀၀၀) သိန်းကို ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်များ၊ AG/KBC/COC ဘုရားကျောင်းများတွင် အခမ်းအနား ကျင်းပ၍ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

Visitors: 36,422