နန့်ယားကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးကွင်းဆင်းကြည့်ရှု့စစ်ဆေး

ကာမိုင်း ဩဂုတ် ၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်းဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်(၉)နာရီခွဲတွင် ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်း ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော Cash For Work စီမံကိန်းကျေးရွာဖြစ်သည့် နန့်ယားကျေးရွာ၌ စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း၁၀၀ဖြင့် ရပ်ကွက်(၃)ရှိ ခင်တောင်လမ်းမကြီးသည် အရှည်(၁၆၅၀)ပေ၊ အကျယ်(၁၅)ပေ၊ အမြင့်(၆)လက်မရှိလမ်းအားပြုပြင်ခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်း၊ ပြည်နယ်အဆင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကာမိုင်းမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Visitors: 36,422