ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်စုရပ်ကွက်အတွင်း လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၅

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်အတွင်းနှင့် ကချင်စုရပ်ကွက်တွင်း လမ်းသွယ် များ အဆင့်မြှင့်တင်ဆောင်ရွက်‌ပေးနိုင်ရေး ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာ တော်အားဖူးမျှော်ကြည်ညိုပြီး ကျောင်းတိုက်အတွင်းလမ်းနှင့် ဘုန်းကြီးကျောင်းဘေးဝဲ/ ယာရှိ နိုင်ငံဂုဏ် ရည်လမ်း ပေ(၄၈၀)နှင့် ဝန်းသိုကျောင်းလမ်း ပေ (၂၅၀)တို့အား လမ်းသားချဲ့ထွင်ခြင်း၊ ကတ္တရာလမ်းခင်း ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကချင်စုရပ်ကွက်၊ ဆီမားဘုံကျောင်း၌ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး ရပ်ကွက် အတွင်းရှိ အဓိကလမ်းအပါအဝင် လမ်းသွယ်များအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ရေကျော်သည့် နေရာများတွင် ရေတားပေးနိုင်ရေး၊ အ.ထ.က (၁၇)ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရာတွင် ယခင်အစိုးရ ကာလများ၌ စည်ပင်နှင့် ပြည်သူထည့်ဝင်ငွေများ ပေါင်းစပ်ကာ ဆောင်ရွက်ပေးခဲ့ကြသော်လည်း မိမိတို့အစိုးရအနေဖြင့် ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဘဏ္ဍငွေရရှိမှုအပေါ် ခွဲဝေလျာထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်တွင်း အဓိကလမ်းမအပါ အဝင် လမ်းသွယ်များကို ကတ္တရာလမ်းခင်းကျင်းပေးနိုင်ရေး မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Visitors: 36,422