မိုးညှင်းမြို့နယ်အတွင်းရှိပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု၉၄၇၄စုအတွက်ထောက်ပံ့ငွေကျပ်၁၈၉၄၈၀၀၀၀ကို တတိယအကြိမ်ထောက်ပံ့ပေးအပ်

 

မိုးညှင်း - ဩဂုတ် ၅

ကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၉၄၇၄စုအတွက်ထောက်ပံ့ငွေကျပ် ၁၈၉၄၈၀၀၀၀ကို တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၅ရက်နေ့ မွန်းလွဲ ၁နာရီတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်
ရေးမှူးရုံးများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါထောက်ပံ့ပေးခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်းနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အရှေ့စုရပ်ကွက်နှင့်နားခါ ရပ်ကွက်များရှိအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူ တန်းစားအိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်အနေဖြင့်မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စုပေါင်း၇၆၇၀အတွက်ပထမအကြိမ်အဖြစ် ရိက္ခာ ၅မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အကြောင်းအမျိုးမျိုး ကြောင့်ပထမအကြိမ်တွင်ထောက်ပံရန်ကျန်ရှိခဲ့သည့်အိမ်ထောင်စု၁၈၀၄စုအတွက်အိမ်ထောင်စု ၁စုလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်း၂၇၀၆၀၀၀၀ကို လည်းကောင်းထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ယခုအကြိမ်သည်တတိယအကြိမ်အဖြစ်နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

Visitors: 36,422