ပထမဆုံးအကြိမ် ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ဟူးကောင်းလွင်ပြင်စာပေဆုချီးမြှင့်မည်

မြစ်ကြီးနား သြဂုတ် ၄

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဇော်ဝင်းမှ ကြီးမှူး၍ ပြည်နယ်အတွင်းမှ စာရေးဆရာများ၏ စီစဉ်မှုဖြင့် ပြည်နယ်အခြေစိုက် စာရေးဆရာများအတွက် ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆု ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဟူးကောင်းလွင်ပြင်စာပေဆုအတွက် ပြည်နယ်အခြေစိုက်စာရေးဆရာများ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ (၂)အုပ် ပေးပို့ရမည်ဖြစ်ပြီးနှင့် ဆောင်းပါးအတွက် မည်သည့်မဂ္ဂဇင်းဂျာနယ်တွင်မှ ဖော်ပြထားခြင်းမရှိသေးသော ကချင်ပြည်နယ် အကျိုးပြုဆောင်းပါးများကို ပါဝင်ပေးပို့နိုင်မည်ဖြစ်ကာ စာပေဆုအတွက် စာအုပ်များကို ဟူးကောင်း လွင်ပြင်သုတစာပေဆု နှင့် ဟူးကောင်းလွင်ပြင်ရသစာပေဆု တို့အဖြစ် ဆု (၂)ဆုနှင့် ဆောင်းပါးများ အနက်အကောင်းဆုံးစာမူကို ဟူးကောင်းလွင်ပြင်ဆောင်ပါးဆုအဖြစ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် ဆုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်နယ်ဝန်ကြီးမှ ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 36,422