ဆဒုံးမြို့၌ စစ်ရှောင်မိသားစုများ ထောက်ပံ့ပစ္စည်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်

 ဆဒုံး သြဂုတ် ၃

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကချင်ပြည်နယ်အ စိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးနော်လီ ၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောယန်
နှင့်အဖွဲ့ဝင်များက သြဂုတ် ၂ ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ဆဒုံးဒေသအတွင်းရှိ စစ်ရှောင်ပြည်သူများအားထောက်ပံ့ပစ္စည်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများအတွက်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆဆနာကျေးရွာစစ်ရှောင်အိမ်ရာရှိ မိသားစုဝင်များအား သွားရောက်တွေ့ဆုံအား‌ေပးစကားပြောကြပြီ အိမ်ထောင်စု(၃၈) စုတို့အတွက် ဆန် ၆ အိတ်၊ mask၊ ဆပ်ပြာနှင့် ဆေးဝါးများကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အလားတူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က မြို့အထွေထွေအုပ်ချုပ်ရေး ဦးဌာနရုံးဝင်းအတွင်းရှိ ယာယီ စစ်ရှောင်ပြည်သူများအတွက် ဆန်အိတ်များ၊ mask၊ ဆပ်ပြာနှင့် ဆေးဝါးများကိုလည်း‌ေကာင်း ဆဒုံးမြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၂၅၀)စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀/)နှုန်းဖြင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဆဒုံး မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း(၅)ကျောင်းသို့ သွား ရောက်ပြီး ရပ်ကွက်နေပြည်များအတွက် ဆန်၊ Mask၊ ဆပ်ပြာ၊ ဆေးဝါးများပေးအပ်လှူဒါန်းခဲ့ကြပြီး‌ေနာက် မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီး‌ေတာ်ကျောင်း (၂) ကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခဲ့​ကြကြောင်းသိရသည်။ ထို့နောက် စည်ပင်ဝန်ကြီး ဦးနော်လီနှင့်အဖွဲ့ဝင်များသည် ဆဒုံးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် နတလရုံးနှင့် စည်ပင်ရုံးလမ်းကြား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် နောလန်ကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Visitors: 36,422