မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြစ်ကြီးနား သြဂုတ် ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စု ပေါင်း၍ ကချင်ပြည်နယ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဓမ္မရက္ခိတဝန်းသိုကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်‌အောင်၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကာ နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ယင်းနောက်ဆရာတော်၊သံဃာတော်များထံမှပရိတ်တရားတော်များနာယူကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဌတု (၃)ကြိမ်ရွှတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်ပြီး ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Visitors: 36,422