ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေများ ကျဆင်းနေပြီဖြစ်

ရွှေကူ ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၌၉၃၆ စင်တီမီတာသို့ ကျဆင်းလျှက်ရှိကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်တိုင်းထွာချက် အရတွင်လည်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၌ ၉၄၂ စင်တီမီတာထိ ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် ၉၄၁ စင်တီမီတာ သို့ စတင်ကျဆင်းလာကြောင်းနှင့်ဆက်လက်၍ ကျဆင်းသွားမည်ဟု ရွှေကူမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

Visitors: 37,778