တာလောကြီးကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲနိုင်ရေး ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ တာလောကြီးဓာတ်အားခွဲရုံသစ်ကို ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲနိုင်ရေးအတွက် ၃၃/၁၁ ကေဗွီ(၅) အမ်ဗွီအေ တာလောကြီးဓာတ်အားခွဲရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က တာလောကြီးကျေးရွာရှိ အဆိုပါ ဓာတ်အားခွဲရုံသစ်အဆောက်အအုံနေရာ၌ ဖွင့်လှစ်ပေးကြသည်။

ဓာတ်အားခွဲရုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ယင်းနောက် ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုဓာတ်အားခွဲရုံသစ်ကို ဖွင့်လှစ်ခြင်းအားဖြင့် တာလောကြီးကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ စံကင်း၊ ခေါင်ဖူးရွာသစ်နှင့် ရွာဟောင်းကျေးရွာများ မီးလင်းမှာဖြစ်ပြီး ကျေးရွာနေပြည်သူ လူထု၏ လူမှုရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ယနေ့အချိန်ထိ မီးသုံးစွဲသူနိုင်သူ အိမ်ထောင်စုဦးရေ (၁၇၆၂၅၉)ဦးရှိသဖြင့် (၆၅.၄၄) ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသည့် မည်သည့်နေရာဒေသမဆို လျှပ်စစ်မီးများရရှိရေး ၊ ဓာတ်အားပြည့်ပြည့်ဝဝသုံးစွဲနိုင်ရေးအတွက် မူဝါဒ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက ပြည်နယ် အတွင်း လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတ်အားလိုအပ်ချက်ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဘဏ္ဍာနှစ်အလိုက် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်များ၊ ဓာတ်အားလိုင်းများတိုးချဲ့တည်ဆောက် ပေးနိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ တာလောကြီးဒေသခံကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားခွဲရုံတာဝန်ယူဆောက် လုပ်သည့် ကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့အတွက် ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်သည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးမှုကို ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာဦးတွဲမြင့်၊ဒုတိယအင်ဂျင်နီယာချုပ်က လိုက်လံရှင်းလင်းပြသကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာ များသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်သည့်အနေဖြင့် ခွဲရုံအတွင်းရှိ မီးခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ် ပေးခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိပြည့်ဝစွာရရှိရေး အတွက် ၂၀၁၆ ခုနှစ် ဧပြီလအထိ (၃၆.၉၃)ရာခိုင်နှုန်းရှိရာမှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေများဖြင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ခွဲရုံများတိုးချဲ့တည်ဆောက်ခြင်း၊ ရှိပြီးသား လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် (၄၅.၇၈)ရာခိုင်နှုန်းအထိ လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် (၄၉.၄၃)ရာခိုင်နှုန်းအထိ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၆၀.၆၉)ရာခိုင် နှုန်းအထိလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ပြည်နယ် တစ်ခုလုံး၏ (၆၈.၁၁)ရာခိုင်နှုန်းအထိလည်းကောင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာလောကြီးကျေးရွာအတွင်း လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြပြီး ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသည့် ဝိုင်းမော်ကူး တို့ဆိပ်အား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေနှင့် မခေါယန်ကျေးရွာ၊ မူလတန်းလွန်ကျောင်း မိုးရေဝင်ရောက်၍ ရေဝပ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

Visitors: 37,791