ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းထွန်း ဦးဆောင်သည့်အဖွဲ့မှ ရှဒူဇွပ်ကျေးရွာအတွင်းရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများလာရောက်ပေးအပ်

ကာမိုင်း ဇူလိုင် ၂၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့် မိုးကောင်းချောင်းရေမြင့်တက်လာပြီး လူနေအိမ်များတွင် ရေဝင်ရောက်ခဲ့သဖြင့် ယာယီရွှေ့ပြောင်းထားသည့် မိသားစုဝင်များအား အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးဒေါ်လှကေသီမာက ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားကာ ပစ္စည်းများလာရောက်ထောက်ပံ့ပေးအပ်မှုများအပေါ် ရှဒူဇွပ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ရက်စာစားစရိတ်အနေဖြင့် တစ်ဦးလျှင်ငွေကျပ် (၂၁၀၀)နှုန်း၊ နှာခေါင်းစည်း(၁)ခု၊ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ (၁)ထောင့်၊ ရပ်ရွာအဆင့်ရေလွှမ်း မိုးမှုမှကြိုတင်ပြင်ဆင်ခြင်းနှင့် ဘေးကင်းရာသို့ကြိုတင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် အတွက် ဘောကွင်း(၁၀)ကွင်း၊ သက်ကယ်အင်္ကျီ(၂၅)ထည်၊ သက်ကယ်ကြိုး(၅)ကြိုးနှင့် ရေစီးမျှော ပါခဲ့သည့် နေအိမ်(၅)လုံးအတွက် တစ်အိမ်လျှင်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၁၈၅၅၉၀)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ် မှုကော်မတီမှ Hygiene Parcaleနှင့် Family Kit စုစုပေါင်း တန်ဖိုးငွေကျပ်(၇၇)သိန်းခွဲ၊ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ ငွေကျပ်(၁၀၅)သိန်း၊ ဆန်အိတ်(၁၅၀)အိတ်နှင့် WFPအဖွဲ့မှ ဂျပန်နိုင်ငံထုပ်ဘီစကစ်အာဟာရမုန့်များ တစ်ဦးလျှင် (၃)ထုပ်နှုန်းဖြင့် (၅)ရက်စာတို့ကို တာဝန်ရှိများက အသီးသီးပေးအပ်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

Visitors: 37,778