ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာပါရေှ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးအတည်ပြုခြင်းများ‌ဆောင်ရွက်

မြစ်ကြီးနား ဇူလိုင် ၂၂

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာစီမံချက်ပါ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ကော်မတီဉက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် လူငယ်ရေးရာကော်မတီတွင်ပါဝင်သည့် လူငယ်ကိုယ်စားလှယ်များက ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီဉက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက လူငယ်ရေးရာမူဝါဒတွင် ပါဝင်သည့် လူငယ်ဖွံ့ဖြိုး‌ရေးဆိုင်ရာကဏ္ဍများကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ရေးဆွဲပြီး မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာကြသည့် လူငယ်များ နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြား သည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ကော်မတီမှ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်သူ များအား ကျေးဇူးတင်ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း၊ ခရိုင်အသီးသီးမှ ကော်မတီ ဝင်များ၏ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး လူငယ် ကော်မတီအဖွဲ့ဝင်များမှ ပြည်ထောင်စုကိုယ်စားလှယ်‌ရေွးချယ်ခြင်း၊ စီမံခန့်ခွဲရေးမူဝါဒနှင့် ဘဏ္ဍရေး မူဝါဒများအပေါ် ဆွေးနွေးတင်ပြမှုများနှင့် ငွေစာရင်းရှင်းတမ်းဖြည့်သွင်းရမည့် ပုံစံများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးဆွဲအတည်ပြုခဲ့ကြကာ မဟာဗျုဟာစီမံ ချက်ပါ ‌‌ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

Visitors: 32,961