အခြေခံပညာအထက်တန်းအဆင့်‌ကျောင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် (၂၀၂၀-၂၀၂၁)ပညာသင်နှစ် အခြေခံပညာအထက်တန်း အဆင့်ကို ယနေ့ နံနက်ပိုင်းက (A)အဆင့်ရရှိထားသော အခြေခံပညာအထက်တန်းအဆင့်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)နှင့် (အ.ထ.က-၃) တို့တွင် ကချင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောညွှန်ကြားချက်များ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျောင်းတွင်လိုက်နာရမည့် အချက်များ အပူချိန်တိုင်းတာပေးခြင်း၊ Face shield နှင့် Mask များစနစ်တကျအသုံးပြုခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ (၆)ပေအကွာတွင်နေထိုင်ခြင်းတို့ကို အသိပညာ ‌ပေးပြောကြားပြီး စာသင်ခန်းတစ်ခန်းလျင် (၂၀)ဦးဖြင့် အလှည့်ကျဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်း (၅၁)ကျောင်းရှိရာ (A) အဆင့်ရှိ အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ ကိုင်ပိုင်အထက်တန်းကျောင်း (၁၅)ကျောင်း စုစုပေါင်း (၂၉)ကျောင်းတို့ကို Social Distancing နှင့်အညီဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျန်ရှိနေ သောကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် ဖြည်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိ ရသည်။

## စိန်ဝင်း

Visitors: 37,791