မြစ်ကြီးနားမြို့၌ (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားများကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်း အနားနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားများကို ဇူလိုင် ၁၉ ရက်တွင် ကျင်းပပြုလုပ် ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြု ခြင်းအခမ်းအနားကို နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်ရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဉက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်နှင့်ဇနီးတို့က လွမ်းသူ့ပန်းခွေများချပေးကြ ပြီး တက်ရောက်လာသူများနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်လာကြသူအားလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို (၂)မိနစ်ငြိမ်သက်စွာ မေတ္တာပို့အမျှပေး‌ဝေခဲ့ကြသည်။
ထို့နောက် နံနက် ၁၀နာရီတွင် မြို့တော်ခန်းမ၌ (၇၃) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းကပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်/သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော် များနာယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကာ ဆရာတော်/သံဃာတော်များအား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Visitors: 37,793