ချီဖွေမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသူ မဲဆန္ဒရှင်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်

ချီဖွေ ဇူလိုင် - ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ဝန်ထမ်းများမှ ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ရစ်လောခေါင်ရပ်ကွက် အမှတ်(၂) စစ် ရှောင်စခန်း စစ်ရှောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းရုံး တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများမှ အသက်(၁၈)နှစ်ပြည့်ပြီး မည်သည့်ကတ်ပြားမျှ မကိုင်ဆောင်ရ သေးသူများအား ရရှိသင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အရှိန်အဟုန် မြှင့်၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိ ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလဂေါင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးတို့ ပူးပေါင်း၍ ချီဖွေမြို့နယ် ဂျစ်လိုင်၊ ဖလ၊ မန်ဒုံ၊ ဇန်နောင်ယန်၊ နလော၊ ဗျော်လွီ၊ ရုပ်ချောင်၊ ရစ်ဂျော်၊ လောခေါင်ကျေးရွာ အုပ်စုနှင့်မြို့ပေါ်ရစ်လောခေါင်ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများနှင့် အသက်ပြည့်ပြီး နိုင်ငံ သား စိစစ်ရေးကတ်ပြားလဲလှယ်ရန် လိုအပ်သည့်ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေဘဲ စနစ်တကျ ဆောင်ရွက် ပေးကြောင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများ အား နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

##ဇင်မာဝင်း

Visitors: 32,962