ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ပညာ့ရိပ်သာတည်ဆောက်ရေးအတွက် ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား ဇူလိုင် ၁၆

ပညာရေးကဏ္ဍတိုးတက်ရေးတွင် အဓိကကျသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားပြီး အဆင်ပြေစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ပညာ့ရိပ်သာတည်ဆောက်ရေးစီမံကိန်းအတွက် ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စီမံကိန်းဆောင်ရွက်မည့်နေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ပညာ့ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာစီမံကိန်းတည်ဆောက်နိုင်ရေးအတွက် ပန္နက်ရိုက်တင်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းတို့က ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။

အဆိုပါ ပညာရိပ်သာစီမံကိန်းတွင် လူဦးရေ (၃၅၀)ဆံ့ အဆင့်မြင့်အိမ်ရာတွင် လူနေအိမ်ခန်းပေါင်း (၁၆၀)ခန်း၊ Community Center ( ၁)လုံး၊ ကျန်းမာရေးပြုလုပ်နိုင်ရန်အတွက် အားကစားခန်းမ ပါဝင် မည်ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီး ဌာနက လုပ်ငန်းအပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းကြီးကြပ်စီမံခန့်ခွဲကာ Myanmar Imperial Vega Co.,Ltd တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 37,778