ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော်ချုပ်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာနှင့် လမ်းအဆင့်မြှင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၃

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးတူးဂျာတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နိုင်ရေး လျာထားမြေနေရာနှင့် ဘုရင့် နောင်လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ဘုရင့်နောင်လမ်းအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အဆိုပါ လမ်းဘေး၌ ကချင်ပြည်နယ် အမှတ်(၄) မူးယစ်တပ်ဖွဲ့ခွဲရုံး တည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန်ခိန်ရပ်ကွက်အတွင်း ကချင်ပြည် နယ်လွှတ်တော်ရုံးဘေးရှိ မြေဧက (၃.၂၂၄)နေရာ၌ ကချင်ပြည်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေး အတွက် လျာထားမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

Visitors: 37,791