မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်

မံစီ ဇူလှိုင် ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အိမ်ထောင်စု (၅၀၃)စုတို့အတွက် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၈ ရက် ညနေ ၄ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများကို မံစီမြို့နယ်အတွင်း အိမ်ထောင်စု (၅၀၃)စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၅၄၅၀၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျေးရွာတာဝန်ရှိသူများထံ လွဲပြောင်းပေးအပ်ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက် များအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက်ကိုလည်း ဂျိန်းဖော့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပထမအကြိမ် ထောက်ပံမှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သားစသည့် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာတွင် လည်း အိမ်ထောင်စုပေါင်း (၂၆၃၃) စုကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

## ရိန်

Visitors: 37,779