ရှင်ဗွေယန်မြို့ အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသောအခြေခံ လူတန်းစားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေများပေးအပ်

ရှင်ဗွေယန် ဇူလှိုင်-၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား မိသားစုများ အား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင် (၇)ရက့် မွန်းလွဲ(၃)နာရီက ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်လွင်က နိုင်ငံတော် မှပထမအကြိမ် ဧပြီလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို စားသောက်ကုန်(၅)မျိုးထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းနှင့် ထိုသိုထောက်ပံ့ပေးအပ်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလား ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇော်ဝင်းက ထောက်ပံပေးအပ်သည့် ငွေပမာဏ နည်းပါးသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများကို တဖက်တလမ်းမှ ဖြေရှင်းနိုင်ရန်အတွက် ထောက်ပံ့ရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးဦးဇော်ဝင်းက အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၉၅)အိမ်ထောင်စုအတွက် စုစုပေါင်းငွေ(၁၄၂၅၀၀၀/-)ကျပ်ကို မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


Visitors: 32,958