ဗန်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုများအလိုက် ငွေကြေးထောက်ပံ့

ဗန်းမော် ဇူလိုင် ၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ကျန်ရှိသည့် အိမ်ထောင်စုများအလိုက် ငွေကြေးထောက်ပံ့ပေးခြင်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစိန်လင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများတို့သည် နံနက် ၉ နာရီက ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေ ပြည်သူများအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ကျန်ရှိသည့် အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၁၁)စုအတွက် စုစုပေါင်းငွေကျပ်(၁၆၆၅၀၀၀)ကို လည်းကောင်း၊ ညောင်ပင် ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စု(၁၆၁)စုအတွက် ထောက်ပံ့ငွေကျပ် (၂၄၁၅၀၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ သာစည်ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စု (၁၉၅)စုအတွက် ထောက်ပံ့ငွေကျပ်(၂၉၂၅၀၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း ဒေသခံပြည်သူများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Visitors: 37,793