အခြေခံလူတန်းစားအိမ်ထောင်စုများအားထောက်ပံ့ငွေများပေးအပ်

မိုးမောက် ဇူလိုင် ၈

ကချင်ပြည်နယ် ၊မိုးမောက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၈)ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းစိန်လင်းကအစိုးရအဖွဲ့မှ ပုံမှန်ဝင်ငွေမရှိသူများ ထောက်ပံ့ပေးအပ်မှု အတွက် လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မိုးမောက်မြို့နယ်မှအိမ်ထောင်စု(၆၄၈) စု၊ ဒေါ့ဖုန်းယန်မြို့မှ အိမ်ထောင်စု (၇၈၀)စု စုစုပေါင်း အိမ်ထောင်စု(၁၄၂၈)စုအတွက် တစ်အိမ်ထောင်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ် (၂၁၄၂၀၀၀၀)တိတိကို ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းစိန်လင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် နှင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို တို့ကပေးအပ်ကြရာ ဒေါ့ဖုန်းယန်မြို့ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြကြောင်း သိရပါသည်။

Visitors: 32,962