ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများဆက်လက်ဆောင်ရွက်

ဇူလိုင် ၄ရက်၊ ဖားကန့်မြို့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်း များဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေ အတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှဖားကန့်မြို့နယ်သို့ မော်တော်ယာဉ်မျာဖြင့် သွားရောက်ခဲ့ ကြပါသည်။

ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများလိုက်ပါလျက် ဖားကန့်မြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံတွင် မြေပြိုကျမှုဖြစ်စဉ်ကြောင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရ လူနာ(၁၄)ဦး အား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ထောက် ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာသူရကျောက်မျက်ရတနာကုမ္ပဏီ တို့မှ တာဝန်ရှိသူများကလည်း ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။

ထို့နောက်တွင် ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဖားကန့်မြို့နယ် အုပ်ချုပ်ရေး မှုးရုံး၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တွေ့ဆုံပြီး “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့”က ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

## moi webportal
Visitors: 37,795