ချီဖွေမြို့နယ်အတွင်း ဖြန့်ဝေရန်ကျန်ရှိသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ချီဖွေ ဇူလိုင် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်း ရယ်က နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန်အတွက် ယခုလို ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ထို့အတူ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း အရှိန်အဟုန်မပျက် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ချီဖွေမြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၁၅၀၀ဝ)နှုန်း ဖြင့် စုစုပေါင်းငွေကျပ် (၁၄၁၀၀၀ဝ)ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ ဦးညွှန့်ဆွေ၊ ဉက္ကပ်ရပ်ကွက် နှင့် လုတ်နော့ဂျန်ကျေးရွာအုပ်စုတို့မှ ဒေသခံ များက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများကိုယ်စား ရပ်မိ/ရပ်ဖ ဦးလာဝူလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့မှုအစီစဉ်ကို ချီဖွေမြို့ နယ်အတွင်း ပထမအကြိမ်အဖြစ် ယခုနှစ် ဧပြီလအတွင်း အိမ်ထောင်စုတစ်ခုလျှင် ထောက်ပံ့ပစ္စည်း(၅)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ်အဖြစ် ကျန်ရှိသည့် အိမ်ထောင်စု (၉၄)စု၊ လူဦးရေ (၂၈၅)ဦး အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၁၅၀၀ဝ)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၁၀၀၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Visitors: 32,963