ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မိုးညှင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဆည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မိုးညှင်း ဇူလိုင် ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးဦးကျော်ကျော်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိသည့် ဆည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဇူလိုင် ၁ ရက်က လှည့်လှည်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၀၄ စုတို့အား (၁)အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့မှုအစီစဉ်အတွက် စုစုပေါင်းငွေကျပ် ၂၇၀၆၀၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံပေးအပ်သည်။

ထို့နောက် ဝန်ကြီးနှင့် အဖွဲ့သည် ပင်လုံကျေးရွာအုပ်စု ၊နန့်စီးအောင်ကျေးရွာရှိ မြိုင်သီတာဆည်တည်
ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေးပြီး ယခုလကုန်အပြီး တည်ဆောက်သွားရန် လုပ်ငန်းခွင်တာဝန်ရှိသူများအား မှာကြား၍ လေးတန်ချောင်းအတွင်း တည်ဆောက်နေသည့် ပင်လုံဆည်ဆောင်ရွက်နေမှုများကိုလည်း ကြည့်
ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဝန်ကြီးနှင့် တာဝန်ရှိသူများက ပင်းဟဲချောင်းရေလွှဲဆည်ဆောင်ရွက်ပြီးစီးမှုအခြေအနေ
များကိုလည်းကောင်း၊ ဟဲလုံကျေးရွာအုပ်စုအတွင်းရှိ နန့်တက်ချောင်းရေလွှဲဆည်ဆောက်လုပ်ပြီးစီးမှုကိုလည်း
ကောင်း၊ ဘီလူးကျေးရွာရှိ ဦးတိန်ဒကာရေလွှဲဆည်နှင့် လယ်မှီးကျေးရွာအုပ်စုရှိ မြို့သစ်ကလေးရေလွှဲဆည်တို့အား
ကြည့်ရှု့စစ်ဆေးခဲ့ကြပြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CASH FOR WORK အစီအစဉ်အရ လယ်မှီးကျေးရွာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လမ်းဘေးရေ နုတ်မြောင်းတူးဖော်ခြင်းနှင့် အလယ်တန်းကျောင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

Visitors: 32,958