မံစီမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးအတွက် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေး

မံစီ ဇွန် ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇွန် ၂၆ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မံစီမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူ မိုင်းခေါင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု၊ အခြေခံပညာ အထက်တန်းကျောင်း(မိုင်းခေါင်)ကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ မံစီမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိ သည့် ဝန်ထမ်းအိမ်ရာများနှင့် အခြေခံပညာအထက်တန်းကျောင်း(မံစီ)တွင် တည်ဆောက်လျက်ရှိ သည့် ကျောင်းဆောင်တို့ကို လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းများအရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီ ပြီးစီးရေးအတွက် လိုအပ်သည်များကို ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက်တောင်းတန်းသာသနာပြုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာရေးကိရိယာနှင့် ကျောင်းသုံး စာအုပ်များကိုလှူဒါန်းခဲ့ကြောင်းသိရှိရသည်။

Visitors: 36,282