ဝိုင်းမော်မြို့တွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေး

ဝိုင်းမော် ဇွန် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင်း စည်ပင်နယ်နမိတ်တွင် ပါဝင်သည့် အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၅)ရပ်ကွက်တွင် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြေသားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်း၊ မြေသားမြောင်းများကို အုတ်စီရေမြောင်းအဖြစ် အဆင့် မြှင့်တင်ခြင်းတို့ကို လူအင်အား၊ စက်ယန္တရားအင်အားဖြင့်ဆောင်ရွက်နေမှုကို ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်က ယမန် နေ့နံနက်(၁၀)နာရီတွင် ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုတွင် ဝိုင်းမော်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရပ်ကွက်(၁)၊ ရပ်ကွက်(၅)ရှိပင်မရေနှုတ်မြောင်းကို အဆင့်မြှင့်တင် ဆောင်ရွက် နေမှုနှင့် ရပ်ကွက်(၃) သခင်မြလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ လမ်း ဘေး ဝဲ/ယာ ရေနှုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှု၊ သစ္စာလမ်းနှင့် ဗထူးလမ်းကြား ရေနှုတ်မြောင်း ပိတ်ဆို့ထားမှုအပေါ် ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောာင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြလိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

Visitors: 31,679