၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘက်ဂျတ်ဖြင့် ဝယ်ယူထားခဲ့သော စက်ကိရိယာနှင့် ပရိ‌ဘောဂပစ္စည်းများ ဖြန့်ဝေပေးအပ်

မြစ်ကြီးနား ဇွန် ၂၃

ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘက်ဂျတ်ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဝယ်ယူထားခဲ့သော လုပ်ငန်းသုံး စက်ကိရိယာနှင့် ပရိဘောဂ ပစ္စည်းများ ဖြန့်ဝေပေးအပ်ခြင်းကို ဇွန် (၂၂)ရက် နံနက် (၁၀)နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာန ကာယကြံ့ခိုင်မှုခန်းမ၌ ကျင်းပသည်။

ပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဒုတိယ ဉက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ခရိုင်၊ မြို့နယ် တာဝန်ခံအရာထမ်းများ အနေဖြင့် ခွဲဝေရရှိသော စက်ပစ္စည်းများနဲ့ ပရိဘောဂများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကြရေး၊ တန်ဖိုးရှိရှိအသုံးချသွားကြရေးနှင့် ပြည်နယ်၏ အားကစားအဆင့်တန်းမြင့်မားလာ စေရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူက ထောက်ပံ့ခွဲဝေမှုအနေဖြင့် စက်ပစ္စည်းများ တန်ဖိုးကျပ်သန်း (၁၄.၀၅၀)၊ ပရိဘောဂပစ္စည်းများ တန်ဖိုးကျပ်သန်း (၄.၆၃၀)တို့ဖြင့် တန်ဖိုးငွေစုစုပေါင်း ကျပ်သန်း (၁၈.၆၈၀) ဖြစ်ကြောင်း၊ လိုအပ်ချက် များရှိနေတဲ့ ခရိုင်၊မြို့နယ်များကို သက်ဆိုင်ရာဘဏ္ဍာ‌ရေးနှစ်အလိုက် ထည့်သွင်းလျာထားပြီး အတတ်နိုင် ဆုံးပြည့်စုံအောင် ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးတို့က ခရိုင်၊ မြို့နယ်များအတွက် Scanner (၄)လုံး၊ မိတ္တူကူးစက် (၈)လုံး၊ Projector (၅)လုံး၊ Computer (၅)လုံး၊ လက်တွန်းမြက်ဖြတ်စက် (၈)လုံးနှင့် ကျောပိုးမြက်ဖြတ်စက်အလုံး (၂၀)၊ လက်ဆွဲဆောင်းဘောက်(စ်) ၄ လုံး၊ ရုံးသုံးဆောင်းဘောက်(စ်) ၁ လုံးတို့နှင့် အရာရှိစားပွဲ(၅)လုံး၊ အရာရှိထိုင်ခုံ (၇)လုံး၊ စာရေးစားပွဲ (၆)လုံး၊ စာရေးထိုင်ခုံ (၈)လုံး၊ ဖိုင်စင် (၁၀)လုံး၊ ပလပ်စတစ်ထိုင်ခုံအလုံး (၁၂၀)နှင့် ဆက်တီထိုင်ခုံ (၂)စုံတို့ကို ‌ပေးအပ်ရာ ခရိုင်နှင့် မြို့နယ်မှူးများကလက်ခံရယူခဲ့ကြသည်။
Visitors: 36,287