မြစ်ကြီးနားမြို့၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် အရိပ်ရသစ်ပင်များ တက်ရောက်စိုက်ပျိုးပေး

မြစ်ကြီးနား ဇွန် ၁၉

၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရိပ်ရသစ်ပင်များကို စိုက်ပျိုးပေးကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ စုပေါင်း၍ ရတနာတန်းဝင် ကျွန်းပင် (၃၀၀)၊ ပျဉ်းကတိုး (၁၅၀)၊ ပိတောက် (၂၀၀)တို့နှင့် တမလန်း၊ မန်ဂျန်ရှား၊ ခရေ၊ ယမနေ၊ ကံ့ကော်၊ ရေတမာ၊ မ‌ဟော်ဂနီပင် (၁၀၀)စီနှင့် စွယ်တော်ပင် (၄၀) စုစုပေါင်း အရိပ်ရသစ်ပင် (၁၄၉၀)ပင်ကို စိုက်ပျိုးပေးခဲ့ကြသည်။

Visitors: 36,280