ဝိုင်းမော်မြို့၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဝိုင်းမော် ဇွန် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ဝိုင်းမော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်းအခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျာ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးမှ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေးအတွက် သိရှိ ထားသင့်သော အကြောင်းအရာများရှင်းလင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဉီးစီးမှူး ဦးသိန်းလွင် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ရရှိပြီးသူများမှ ၎င်းတို့၏ လယ်ယာမြေများအား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း နှင့် ငှားရမ်းခြင်း၊ ကိစ္စရပ်များအား ဆောင်ရွက်ရာ၌ လိုက်နာဆောင် ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူများအား အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့တို့သည့် တောင်သူများလက်ဝယ်သို့ တောင်သူ(၁၄၇)ဦး၊ ဦးပိုင်ပေါင်း (၁၇၆)၊ မြေဧရိယာ (၁၆၇၆.၃၄)ဧကအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ကို ပေးအပ်ပြီး တောင်သူများအားလုံးကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ကြောင်း သိရှိရသည်။

ဆောင်းလေး (ပြန်/ဆက်)

Visitors: 31,681