မိုးညှင်းမြို့နယ်အတွင်းရှိတည်ဆောက်ရေးလုပ်ငန်းများအားပြည်နယ်လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး

မိုးညှင်း -ဇွန် ၁၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းနှင့်ပြည်နယ်အဆင့်ဌာန
ဆိုင်ရာ များပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်း အချိန်၌မိုးညှင်းမြို့နယ် အတွင်းရှိပညာရေးနှင့်
ကျန်းမာရေးဌာန များတွင်ဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ဟဲလုံကျေးရွာအုပ်စုတွင်တည်ဆောက်လျက်ရှိသည့် ကျေး
လက်ကျန်းမာရေး အဆောက်အအုံဆောက်လုပ်နေမှု ၊အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု နှင့်ပြည်သူ့အားကစားကွင်းအတွင်းဘောလုံးပွဲကြည့်စင်တည်ဆောက်ပြီးစီးမှုအခြေအနေများ၊မိုးညှင်းဒီဂရီကောလိပ်ရှိကျောင်းသား/သူအိပ်ဆောင်တည်ဆောက်ပြီးစီးအခြေနေများ၊အမက(မူလွန်)စာသင်ကျောင်းပြင်ထိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို
ကြည့်ရှု့စစ်ဆေးခဲ့ကြပြီးအရှေ့စုရပ်ကွက်အတွင်းဖွင့်လှစ်ထားရှိသည့်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် အသုံးပြုရန် Surgical Mask (၅၀)ခုပါ (၁၇)ဗူးနှင့်Hand Gel (500ml)ပါ (၁၃)ဗူးတို့ကိုပြည်နယ်ဝန်ကြီးကထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၏အစည်းအဝေး
ခန်းမ၌ကျင်းပသည့်ဘက်စုံသုံးအဝေးထိန်းထရော်လီပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီးကျောင်းဝင်းအတွင်းဆောင်ရွက်လျှက်ရှိသည့်ကျောင်းသား/သူ၈၀ဆံ့အဆောင်ဆောက်လုပ်ပြီးစီးမှု
နှင့်အခြားတည်ဆောက်ရေးလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းလုပ် ငန်းများပြီးစီးအောင်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နန်းမားမြို့တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်
ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ဟိုပင်မြို့ အထက (မြသီတာ)ကျောင်း
ဆောင်သစ်တည်ဆောက်မှုအခြေအနေများ၊ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊အထက(ဟိုပင်)ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

Visitors: 31,680