မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန်ဘက်စုံသုံးအဝေးထိန်းထရော်လီတစ်စီးပေးအပ် လှူဒါန်း

မိုးညှင်း - ဇွန်၁၃

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်ဘက်စုံ
သုံးအဝေးထိန်းထရော်လီတစ်စီးပေးအပ်ပွဲကို ယနေ့နံနက်(၁၁:၃၀)တွင် အစိုးရနည်းပညာကော လိပ်(မိုးညှင်း)၏ အစည်းအဝေးခန်းမ၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်ပြည်နယ်လူမှုရေးဝန်ကြီးကအမှာစကားပြောကြားပြီးမြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန်ဘက်စုံသုံးအဝေးထိန်းထရော်လီတစ်စီးအပါအဝင်ခြေနင်းလက်ဆေးခုံ(၅)ခု၊ခြေနင်းလက်ဆေးကန်(၂)ခုကိုအစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှကျောင်းအုပ်ဆရာမကြီးဒေါက်တာကျော့ကျော့ရီကပေးအပ်ရာပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်းကလက်ခံရယူပြီးဘက်စုံသုံးအဝေးထိန်းထရော်လီစမ်းသပ်မောင်းနှင်မှုကို
ဝန်ကြီးနှင့်အဖွဲ့ကကြည့်ရှုအားပေးခဲ့ကြသည်။

ယခုပေးအပ်လှူဒါန်းသည့် ဘက်စုံသုံးအဝေးထိန်းထရော်လီသည် အလေးချိန်ပေါင်(၁၂၀)ရှိ
ပစ္စည်းများကိုသယ်ဆောင်ပြီးမီတာ(၉၀၀)အကွာမှထိန်းချုပ်စက်ဖြင့်လိုအပ်သလိုထိန်းချုပ်မောင်းနှင်နိုင်ကြောင်းအဆိုပါသရုပ်ပြမောင်းနှင်မှုအရသိရှိရသည်။
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှယခုလှူဒါန်းသည့်ဘက်စုံသုံးအဝေးထိန်းထရော်လီ
အပါအဝင် ထရော်လီ(၃)စီးကို ကျောင်းအုပ်ဆရာမကြီး၏လမ်းညွှန်မှုနှင့်အတူ စက်မှုအင်ဂျန်နီယာ ဌာနမှဌာနမှူးနှင့်တွဲဖက်ပါမောက္ခများ၊အီလက်ထရွန်နစ်အင်ဂျင်နီယာဌာနမှလက်ထောက်ကထိကနှင့်ဆရာမများကပူးပေါင်းကြိုးစားဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မိုးညှင်းကုတင်(၁၀၀)ဆံ့ဆေးရုံ
တွင်တစ်စီး၊မန္တလေးကန်တော်နဒီဆေးရုံတွင် တစ်စီး တို့ကိုလည်းလှူဒါန်းပေးအပ်ခဲ့ပြီးကြောင်းသိ
ရသည်။

Visitors: 31,679