အင်းတော်ကြီးကန်အတွင်းစီးဝင်သည့်ခေါင်းတုံးချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်‌နေမှုကို ပြည်နယ်ဝန်ကြီးကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇွန် ၇
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊နန့်မွန်းမြို့မိုင်းနောင်ကျေးရွာ ရွာအလယ်ကိုဖြတ်၍တောင် မှမြောက်သို့ဖြတ်သန်းစီးဆင်းပြီးအင်းတော်ကြီးကန်အတွင်းစီးဝင်သည့် ချောင်းများထဲမှတစ်ခုအပါအဝင်ဖြစ်သည့် ခေါင်းတုံးချောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျ င်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးဦးဒါရှီလဆိုင်းနှင့်တာဝန်ရှိသူများက ဇွန် လ ၆ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာဝန်ကြီးနှင့် အဖွဲ့သည် မိုင်းနောင်ကျေးရွာမှ (၁)မိုင်ခန့်ကွာဝေးသည့်ခေါင်းတုံးချောင်း အထက်ပိုင်းနှုန်းစစ်ကန် တည်ဆောက်ထားမှုအခြေအနေများ နှင့်ဆောင်ရွက်ပြီးစီးခဲ့သည့်ချောင်းရှင်းလင်းရေးလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင် ရာတာဝန်ရှိသူများနှင့်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ပြီး မိုင်းနောင်ကျေးရွာ ရွာလယ်တံတားအနီး ခေါင်းတုံး ချောင်းတာပေါင်ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ခေါင်းတုံးချောင်းရှင်းလင်းရေးလုပ်ငန်းအဖြစ် ဘက်ဟိုးယာဉ် ၁၂စီးဖြင့် ချောင်းအရှည် ၂မိုင်
ခွဲ ကို အကျယ် ပေ၈၀၊အနက် ၇ပေကို ယခုနှစ်မေလမ စတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည်ခေါင်းတုံးချောင်းမှအင်းတော်ကြီးကန်အတွင်းစီးဝင်သည့် ချောင်းဝ‌ နေရာတွင် ချောင်းရေဆီးဝင်မှုအခြေအနေများနှင့် အင်းတော်ကြီးကန်ရေနည်းပါခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒေါ်ပုလဲဓမ္မာရုံနှင့်ရွှေမဉ္ဖူရေလယ်ဘုရားအကြား သဲသောင်(ဒေသအခေါ်နတ်လမ်း) ဖြစ်ပေါ်လာမှုအခြေအနေများကို လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။
ယခုနှစ်အတွင်း အင်းတော်ကြီးကန်ရေပြင်သည် မိုးရွာသွန်းမှုလျှော့နည်းလာခြင်း၊ရာသီဥ တုပြောင်းလဲခြင်းဖြစ်စဉ်များနှင့်အတူကန်ရေကမ်းစပ်အချို့နေရာများတွင်ကန်တိမ်ကောလာပြီးသဲသောင်ဖြစ်ထွန်းမှုများ ရှိလာကြောင်းနှင့် မိုးရွာသွန်းမှုအခြေအနေမှာ ၂၀၁၆ခုနှစ် ၂၀၁၈ခုနှစ်ထိ နှစ်စဉ်မိုးရွာသွန်းရက်ပေါင်း ၁၀၀ကျော်ရှိခဲ့ပြီး ပျမ်းမျှမိုးရေချိန် လက်မ ၆၀ခန့် အနိမ့်ဆုံး ရွာသွန်းခဲ့ပြီး၂၀၁၉ခုနှစ်အတွင်းမိုးရွာသ ဒသမ ၈လက်မခန့်နှင့် ယခု၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ ၁၆ ရက်သာ မိုးရွာသွန်းထားပြီး မိုးရေချိန် ၆ဒသမ ၆လက်မသာရွာသွန်းခဲ့သဖြင့် ကန်ရေအတိမ်အနက်မှာလည်း ယခုနှစ်မေလအတွင်း ကန်ရေအနက်ဆုံးနေရာတွင် ပေ၆၀ခန့် သာရှိပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၆ပေခန့် လျော့ကျဆင်းသွားကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ စာရင်းဇယားများအရသိသည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏အကြီးဆုံးရေချိုအိုင်ကြီးဖြစ်ပြီးကန်နှင့်ပတ်ဝန်း ကျင်ရှိကြိုးဝိုင်း၅ခုကိုအင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၀၄ခုနှစ်တွင်သတ် မှတ်ဖွဲ့စည်းခဲပြီး နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း ၂၀၁၆ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

Visitors: 36,282