ဆဒုံးမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး

ဆဒုံး ဇွန် ၃

ကချင်ပြည်နယ်၊ ဆဒုံးမြို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဇွန် ၂ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဆဒုံးမြို့ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက် (၄) မှ နော့လန်‌ကျေးရွာသွားလမ်း ‌ပေ(၃၅၀၀)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဖြည့်စွက်ရန်ပုံငွေ (၈၇) သန်းဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအ‌ခြေ အနေကို ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီနှင့် ဝိုင်းမော်မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဆဒုံးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေ အနေနှင့် ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် RC (၃) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

Visitors: 36,287