ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ရေး ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား မေ ၂၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် ဦးစီးဌာန(၂)၏ ရုံးအ ဆောက်အုံသစ်ဆောက်လုပ်နိုင်ရေးအတွက် ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ ရုံးသစ်ဆောက်လုပ်သွား မည့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ မေခဝန်ထမ်းအိမ်ရာအနီးရှိ မြေကွက်လပ်၌ ပန္နက်ရိုက်တင်ပေး ကြသည်။

ရုံးအဆောက်အအုံသစ်ဆောက်လုပ်နိုင်ရေးအတွက် အဆိုပါ အဆောက်အအုံဆောက်လုပ်မည့် မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာ အသီးသီး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ အသစ်ဆောက်လုပ်သွားမည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန (၂)ခုတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကျပ် (၃၂၀.၉၂၀) သန်း ဖြင့် (၈၀ ပေ × ၆၀ ပေ)၊ RC (၂)ထပ်အဆောက်အဦဖြစ်ပြီး သန်းဆုဝေ ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 31,680