ပြည်နယ်ဝန်ကြီးချုပ် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြိုပေါ်ရပ်ကွက်အတွင်းရှိ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်ရှိ မိခင်လမ်းကို ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းနိုင်ရေးအတွက် ရပ်မိ၊ ရပ်ဖများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညိှနိူင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ရွှေစက်ရပ်ကွက် လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းအတွင်း ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှုနှင့် ကရိန်နော်အပန်းဖြေစခန်း ဆောက်လုပ်သွားနိုင်ရေးအတွက် ကြည့်ရူ စစ်ဆေးခဲ့ပြီး ရွှေစက်ရပ်ကွက် လမ်းသွယ်(၁၆)၊ လမ်းသွယ်(၂၄)ကတ္တရာလမ်းခင်းနေသည့် အခြေအနေ နှင့်အေးမြသာယာရပ်ကွက်လမ်းများ အချိန်မှီဖောက်လုပ် ပြီးစီးသွားနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

Visitors: 31,681