နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရိက္ခာပြတ်လပ်သော ကျေးရွာအုပ်စု(၁၂)စုအတွက် ဆန်အိတ်(၁၀၀၀)ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မေ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ ရိက္ခာပြတ်လပ်သော ကျေးရွာအုပ်စု (၁၂)စုအတွက် ဆန်အိတ်(၁၀၀၀) ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားကို ယနေ့နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်အိတ်(၁၀၀၀)ထောက်ပံ့ပေးအပ်ခြင်း နှင့်ပတ်သက်၍ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးဦးကျော်မင်းက “ပြည်နယ်အတွင်းမှာ ဒေသအခြေအနေအရ ခေါင်လန်ဖူးဒေသသည် ဝေးလံသီခေါင်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ရေမြေ ရာသီဉတုစိုက်ပျိုးရေးအခက်အခဲများစွာ ရင်ဆိုင်ရတဲ့ဒေသတစ်ခုဖြစ်ပါတယ်၊ နှစ်ကာလများစွာ အစဉ် အဆက်စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှာ နှစ်စဉ်အသက်ရှင်ရပ်တည်ပြီး ရုန်းကန်ဆောင်ရွက်လျက်ရှိကြပါတယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုကိုခံယူ၍ ယနေ့ဆန်အိတ်(၁၀၀၀)အား ထောက်ပံ့လှူဒါန်း ပေးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းနှင့် တာဝန်ရှိသူများက ဆန်အိတ်(၁၀၀၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

Visitors: 29,607