ပြည်နယ်အတွင်းဝင်ရောက်လာသူအားလုံးကို မဖြစ်မနေ(၂၁)ရက် Quarantine ထား စောင့်ကြည့်ထိန်းချုပ်သွားရေးတိုက်တွန်းမှာကြား

မြစ်ကြီးနား မေ ၁၃
ကချင်ပြည်နယ်အတွင်းဝင်ရောက်လာသူအားလုံးကို မဖြစ်မနေ Quarantine ထားစောင့်ကြည့် ထိန်းချုပ်သွားရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ယနေ့နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုး ရအဖွဲ့ရုံးမလိခခန်းမ၌ကျင်းပသည့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် Coronavirus Disease 2019(COVID-19)ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က “ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကို အလေးထားဆောင်ရွက်ပါကြောင်း၊ ကုသရေး လုပ်ငန်းတွင် လူနာအမှတ်-၁၄၄ တစ်ယောက်သာရှိသေးသည့်အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများပိုမိုအောင်မြင်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်လတာ နီးပါးကာလအတွင် ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine ထားရှိသည့်လုပ်ငန်းများအပါ အဝင် ပြည်တော်ပြန်များအား နေရပ်ပို့ဆောင်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆပ်ကော်မတီ အသီးသီးက လိုအပ်ချက်အခက်အခဲများကို တင်ပြရန်လိုကြောင်း၊ ဒါ့အပြင် ပြည်နယ်အတွင်းဝင် ရောက်လာသူအားလုံးကို မဖြစ်မနေထိန်းချုပ် စောင့်ကြည့်နိုင်ရေးအတွက် (၂၁)ရက် Quarantine ထားနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်း တာဝန်များအပေါ် လိုက်နာဆောင်ရွက်ရာတွင် Quarantine ထားထိန်းချုပ်ခြင်းလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်ကြရန် အထူးအလေးထားတိုက်တွန်းမှာကြားလိုကြောင်း” ပြောကြားသည်။
ပြည်နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေး မှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးနေလင်းထွန်းက ကိုဗစ်-၁၉ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းအတွက် ပြည်နယ်ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့၏ လုပ်ငန်းတာဝန် များအပေါ် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များက လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ သွားလာမှုကန့်သတ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ၊ နယ်စပ်တစ်လျှောက် ဝင်/ထွက်မှု ထိန်းချုပ်ရေး၊ Community Based Facility Quarantine ဆောင်ရွက်ရန်နေရာထိုင်ခင်းနှင့် ချက်ပြုတ်ကျွေးမွေးရေး၊ ရောဂါစောင့်ကြည့် ထိန်းချုပ်မှုနှင့် ကုသရေး၊ အသိပညာပေးရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ စိစစ်ထိန်းချုပ်ရေးနှင့် ဝယ်ယူရေး၊ စားနပ်ရိက္ခာစုဆောင်းရေးနှင့် ဖြန့်ဖြူးရေး၊ သံသယလူနာများ စုံစမ်းရှာဖွေစစ်ဆေး ရေး၊ သတင်းစောင့်ကြည့်ရေးနှင့် သတင်းပြန်ကြားရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ပြင်ပလှူဒါန်းမှုများ လက်ခံထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရွှေ့ပြောင်းရေးလုပ်ငန်း ဆပ်ကော်မတီအသီးသီးတို့က ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ စာရင်းစစ် စစ်ဆေးမှုခံယူ နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် မှာကြားသည်။

Visitors: 33,241